enfr

ခရီးသွား အကြံပြုချက်

  1. ၁။ မြန်မာနိုင်ငံသားများအနေဖြင့် ပြင်သစ်နိုင်ငံနှင့် စပိန်နိုင်ငံတို့သို့ အလည်အပတ်ခရီးအနေဖြင့် လည်းကောင်း၊ သင်တန်းတက်ရောက်ရန်အနေဖြင့်လည်းကောင်း၊ လေ့လာရေးခရီးအနေဖြင့် လည်းကောင်း လာရောက်လျက်ရှိကြရာ ခရီးစဉ်အတွင်း ခါးပိုက်နှိုက်ခံရခြင်း၊ မြန်မာနိုင်ငံကူး လက်မှတ် ပျောက်ဆုံးခြင်းများကို အောက်ဖော်ပြပါပုံစံအမျိုးမျိုးဖြင့် မကြာခဏ ကြုံတွေ့လျက်ရှိပြီး မြန်မာသံရုံး၊ ပါရီမြို့သို့ သတင်းပို့၍ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံစာ(Certificate of Identity - CI) လျှောက်ထားမှုများ ရှိနေပါသည်-
    • (က) နိုင်ငံကူးလက်မှတ်၊ ပိုက်ဆံအိတ်နှင့် အရေးကြီးပစ္စည်းများ ပါဝင်သည့်အိတ်ကို ဓါတ်ပုံရိုက်သည့်အချိန်တွင်ဖြစ်စေ၊ တစ်နေရာရာသို့ ခေတ္တသွားရောက်သည့် အချိန် တွင်ဖြစ်စေ၊ ဘူတာရုံနှင့် ကားဂိတ်များ၌ ပစ္စည်းအတင်အချ ပြုလုပ်နေသည့် အချိန်တွင်ဖြစ်စေ၊ စားသောက်ဆိုင်များ၌ စားသောက်နေသည့်အချိန်တွင်ဖြစ်စေ သတိမမူဘဲ ခေတ္တချထားခဲ့ခြင်း၊
    • (ခ) ခင်မင်ရင်းနှီးသည့်ပုံစံဖြင့် လာရောက်စကားပြောဆို၍ လက်ဆွဲနှုတ်ဆက်ခြင်း၊ အနားတိုးကပ်လာခြင်း၊
    • (ဂ) ခါးပိုက်နှိုက်ခြင်းကို အုပ်စုဖွဲ့၍လည်း ဆောင်ရွက်လေ့ရှိရာ လှေကားအတက် အဆင်း၊ ရထားပေါ်အတက်အဆင်းများ၌ အကြောင်းမရှိဘဲ ရှေ့မှပိတ်ရပ်၍ နောက်ဘက်မှ ခါးပိုက်နှိုက်ယူခြင်း၊
    • (ဃ) မိမိအိတ်ကို လက်တစ်ဖက်ဖြင့်သာ ကိုင်ဆောင်ထားစဉ် ဆိုင်ကယ်ဖြင့် ဖြတ်၍ လုယက်တတ်ခြင်း၊
  2. ၂။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသားများအနေဖြင့် မည်သည့်အချိန်တွင်ဖြစ်စေ အရေးကြီးသည့် အိတ်များကို ကိုယ်နှင့်မကွာထားရှိပြီး သေချာစွာသိမ်းဆည်းရန်၊ အချင်းချင်းအပြန်အလှန် ဂရုပြုကြရန် အကြံပြု အပ်ပါသည်။
  3. ၃။ အကယ်၍ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံးခဲ့ပါက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများ (ခေတ္တအလည်အပတ်လာရောက်သူများ၊ သင်တန်းသားများ တာဝန်ဖြင့်သွားရောက်သူများ) အနေဖြင့် မြန်မာသံရုံး၊ ပါရီမြို့သို့ ဆက်သွယ်နိုင်ပြီး အောက်ပါအချက်အလက်များကို တင်ပြ၍ မည်သူမည်ဝါဖြစ်ကြောင်းထောက်ခံစာ (CI) ကို လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါသည်-
    • (က) မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ
    • (ခ) ခါးပိုက်နှိုက်ခံရကြောင်း (သို့မဟုတ်) ပျောက်ဆုံးကြောင်း ရဲစခန်းသို့ တိုင်ကြားထားသည့်စာ
    • (ဂ) လိုင်စင်ဓါတ်ပုံ (၃)ပုံ
  4. ၄။ မြန်မာနိုင်ငံကူးလက်မှတ်စာအုပ် ပျောက်ဆုံးခြင်းအတွက် မြန်မာသံရုံး၊ပါရီမြို့သို့ ရုံးချိန်ပြင်ပ၌ အရေးပေါ်ဆက်သွယ်လိုပါက ကောင်စစ်ဆိုင်ရာအီးမေးလ်ဖြစ်သည့် عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته. သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းလည်း ဖော်ပြအပ်ပါသည်။

မြန်မာသံရုံး၊ ပါရီမြို့
60, rue de Courcelles
75008 PARIS
Tel. :(+33) 01.56.88.15.90/ 91
Fax : (+33) 09.57.35.41.82

 

Contact Info

Embassy of the Republic of
the Union of Myanmar, Paris

60, Rue de Courcelles, 75008, Paris

+33 (0) 1 5688 1590

[email protected]

Contact Us

For Consular Services

60, Rue de Courcelles, 75008, Paris
(with effect from 1 June 2019)

+33 (0) 1 5688 1595

[email protected]

 

ministry of hotels tourism

Youtube Video