enfr

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပြည်သူပြည် သားများ၏ စုပေါင်းအင်အားနှင့်အတူ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံတော် တစ်ခုလုံး ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ကဏ္ဍပေါင်းစုံနှင့် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်တွင်းပြည်ပရှိ လူ့စွမ်းအား အရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်မှု သည် လွန်စွာပဓာနကျပါသည်။

၂။ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်ပ ရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့် မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင် ကူညီပံ့ပိုး အကျိုးပြုလိုပါက မြန်မာသံရုံး၊ ပါရီမြို့ (တယ်လီဖုန်းအမှတ်၊ (+၃၃) ၁ ၅၆ ၈၈ ၁၅ ၉၀)၊ အီးမေးလ်လိပ်စာ၊ عنوان البريد الإلكتروني هذا محمي من روبوتات السبام. يجب عليك تفعيل الجافاسكربت لرؤيته.) ထံသို့ ဆက်သွယ်ပေးပို့ အသိပေးနိုင်ပါ ကြောင်း ၁၄-၁-၂၀၂၀ ရက်နေ့တွင် သံရုံး၏ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာတို့၌ ဖြည့်စွက်ပုံစံနှင့်တကွ အသိပေးဖော်ပြခဲ့ပါသည်။

၃။ ယခုအခါ မိမိတို့ တတ်သိကျွမ်းကျင်သည့် ပညာ၊ အတွေ့အကြုံတို့ဖြင့် နိုင်ငံတော်အတွက် ပါဝင်ကူညီပံ့ပိုး အကျိုးပြုလိုသည့် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများနှင့် မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်များ အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ website link ဖြစ်သည့် https://www.mofa.gov.mm/volunteer-submit-form/ သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း လည်း အသိပေးကြေညာအပ်ပါသည်။

မြန်မာသံရုံး၊ ပါရီမြို့
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃ ရက်

Contact Info

Embassy of the Republic of
the Union of Myanmar, Paris

60, Rue de Courcelles, 75008, Paris

+33 (0) 1 5688 1590

[email protected]

Contact Us

For Consular Services

60, Rue de Courcelles, 75008, Paris
(with effect from 1 June 2019)

+33 (0) 1 5688 1595

[email protected]

 

ministry of hotels tourism

Youtube Video