enfr

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပြည်ပမှ ကူးစက်မှုများ ကာကွယ်တားဆီးရေးအတွက်လည်းကောင်း၊ ခရီးသွားစဉ် မမျှော်လင့်သော ကန့်သတ်ချက်များနှင့် ကြုံတွေ့နိုင်ခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများ၊ အထူးသဖြင့် ရောဂါကူးစက်မှု မြင့်မားနေသည့်နိုင်ငံများသို့ မလွှဲမရှောင်သာ ကိစ္စများမှလွဲ၍ ခရီးသွားလာမှု ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် မလွှဲမရှောင်သာ၍ ပြည်ပခရီးသွားရောက်ရန်ရှိပါက ခရီးမထွက်ခွါမီ သွားရောက်မည့်နိုင်ငံနှင့် ဖြတ်သန်းမည့်နိုင်ငံများမှ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှု နောက်ဆုံး အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများသို့ ဖြစ်စေ၊ မြန်မာသံရုံးများသို့ ဖြစ်စေ ဆက်သွယ်စုံစမ်းကြပါရန်လည်း နှိုးဆော်အပ်ပါသည်။

မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သူများအပေါ် အာဆီယံနိုင်ငံများနှင့် အခြားပြည်ပနိုင်ငံအချို့က ခရီးသွားလာမှုနှင့်ပတ်သက်၍ ကန့်သတ်မှုများကို အောက်ဖေါ်ပြပါအတိုင်း ချမှတ်ထားပါကြောင်း ပြည်သူများ သိရှိနိုင်ပါရန် အသိပေးအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်

travel 01 travel 01 travel 01

Contact Info

Embassy of the Republic of
the Union of Myanmar, Paris

60, Rue de Courcelles, 75008, Paris

+33 (0) 1 5688 1590

[email protected]

Contact Us

For Consular Services

60, Rue de Courcelles, 75008, Paris
(with effect from 1 June 2019)

+33 (0) 1 5688 1595

[email protected]

 

ministry of hotels tourism

Youtube Video