e-Visa လျှောက်ထားသူများထံသို့ အသိပေးခြင်း
အင်တာနက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော www.ivisa.com သည် မြန်မာနိုင်ငံသို့ လာရောက် မည့် နိုင်ငံခြားသားများ၏ e-Visa လျှောက်ထားမှုကို တစ်ဆင့်ခံ ဆောင်ရွက်လျက်ရှိပြီး ဗီဇာဝန်ဆောင်ခနှုန်းထားများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ အမှန်တကယ် ကောက်ခံသောနှုန်းထားများထက် ပိုမိုကြီးမြင့်စွာကောက်ခံကာ ဆောင်ရွက် လျက်ရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ရာ နောင်တွင် www.ivisa.com ၏ domain ဖြစ်သည့် govreply.ivisa.com မှတစ်ဆင့် e-Visa လျှောက်ထားမှုများကို သက်ဆိုင်ရာက ငြင်းပယ်သွားမည် ဖြစ်ပါကြောင်းနှင့် e-Visa လျှောက်ထားလိုသူများအနေဖြင့် အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် www.evisa.moip.gov.mm ၌သာ ဝင်ရောက်လျှောက်ထားကြပါရန် အသိပေးကြေညာ အပ်ပါသည်။
မြန်မာသံရုံး၊ ပါရီမြို့
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်
=========== xXx ===========
Notification for e-Visa applicants
The Embassy of the Republic of the Union of Myanmar in Paris would like to notify that the website “www.ivisa.com’ has been processing the e-Visa service for the entry to Myanmar by collecting the fees much higher than the actual Visa fees collected by the Ministry of Labour, Immigration and Population of Myanmar. In this regard, the e-Visa applications submitted via the email domain “@govreply.vis.com” will be rejected by the relevant authorities from Ministry of Labour, Immigration and Population of Myanmar from now on. Therefore, the visa applicants are kindly requested to visit the official e-Visa website “www.evisa.moip.gov.mm” and apply the e-Visa, accordingly.
Myanmar Embassy in Paris
Date - 19 June 2019