အခြားနိုင်ငံသားအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများမှ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် ခံယူရန် လျှောက်ထားခြင်း
ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလျက်ရှိပြီး အခြားနိုင်ငံခြားသားအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများအနေဖြင့် မြန်မာနိုင်ငံတွင် ပြန်လည်နေထိုင်လိုပြီး မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူလိုပါက အောက်ပါ အချက်အလက်များနှင့်အတူ သံအမတ်ကြီး၊ မြန်မာသံရုံး၊ ပါရီမြို့သို့ လိပ်မူ၍ လျှောက်ထားရပါမည် -
- မြန်မာနိုင်ငံသားအဖြစ်ပြန်လည်လျှောက်ထားသည့် အကျိုးအကြောင်း ဖော်ပြထားသည့် ကိုယ်ရေးလျှောက်လွှာ
- (မြန်မာနိုင်ငံမှ ထွက်ခွာလာသည့် ဖြစ်စဉ်နှင့် လက်ရှိအချိန်ထိ နေထိုင်လျက်ရှိသည့် အခြေအနေများ ဖော်ပြပေးရန် လိုအပ်ပါသည်။)
- မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားရာတွင် ဖြည့်စွက်ရမည့် ကိုယ်ရေး အချက်အလက်ပုံစံ (Download PDF)
- (မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည့်လိပ်စာ၊ မိဘ၊ ညီအစ်ကိုမောင်နှစ်မ၊ ဆွေမျိုးများ၏ အမည်၊ နေရပ်လိပ်စာများ ပြည့်စုံစွာဖြည့်စွက်ရန် လိုအပ်ပါသည်။)
- မြန်မာနိုင်ငံသားအဖြစ် ခံယူခွင့်ရရှိပါက အခြား နိုင်ငံသားအဖြစ်မှ စွန့်လွှတ်ကြောင်းနှင့် လက်ရှိကိုင်ဆောင်ထားသည့် အခြားနိုင်ငံမှ ထုတ်ပေးသည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ခရီးသွားစာအုပ်ကို စွန့်လွှတ်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုစာ
- လက်ရှိကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ် (သို့) ခရီးသွားစာအုပ် (သို့) နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထား မိတ္တူနှင့် ဗီဇာအထောက်အထားမိတ္တူ
- ယခင် မြန်မာနိုင်ငံကူးလက်မှတ်ရှိပါက မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ (သို့) မြန်မာနိုင်ငံကူး လက်မှတ်အမှတ်၊ ထုတ်ပေးရက်စွဲ
- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့် ရဲစခန်း/ ရက်ကွက် ထောက်ခံစာ မိတ္တူ (ရရှိနိုင်ပါက)
- လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာရရှိပါက မြန်မာသံရုံးမှ သက်ဆိုင်ရာသို့ ဆက်လက် တင်ပြပေးမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက တစ်ကြိမ်တစ်ခါသုံး သက်သေခံလက်မှတ် Certificate of Identity (C of I) ထုတ်ပေးမည် ဖြစ်ပါသည်။ ထိုသို့ မြန်မာနိုင်ငံသားအဖြစ်သို့ ပြန်လည်ခံယူရန် လျှောက်ထားရာတွင် လိုအပ်သည့် စိစစ်မှုများ အဆင့်ဆင့် ပြုလုပ်ရသည့်အတွက် အချိန်ကြာမြင့် နိုင်ကြောင်း အသိပေးအပ်ပါသည်။