enfr

ပါရီမြို့ရှိ အာဆီယံကော်မတီ (ASEAN Committee in Paris--ACP)မှ နှစ်စဉ် ကျင်းပပြုလုပ် လေ့ရှိသည့် အာဆီယံမိသားစုနေ့ (ASEAN Family Day) အခမ်းအနားကို ၂၇-၇-၂၀၁၉ ရက် (စနေနေ့) (၁၀:ဝ၀)နာရီမှ (၁၇:ဝ၀)နာရီအထိ  ပါရီမြို့အနောက်ဘက် Croissy-sur-Seine ရှိ Chateau Chanorier ပြတိုက်၏ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ လက်ရှိ ACP ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် မြန်မာသံအမတ်ကြီး ဉီးကျော်ဇေယျမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ရာတွင် နှစ်စဉ်ကျင်းပ လေ့ရှိသည့် အာဆီယံမိသားစုနေ့အခမ်းအနားသည် ပါရီမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အထောက်အကူပြုစေကြောင်း ပြောကြားခဲ့ ပါသည်။

အခမ်းအနားသို့ ပါရီမြို့၊ အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ Croissy-sur-Seine မြို့တော်ဝန် Mr. Jean Roger Davin နှင့် ဇနီး၊ ယူနက်စကိုဆိုင်ရာ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ရုံးများမှ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံများမှ သံတမန်များနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အပါအဝင် စုစုပေါင်း (၂၀ဝ)ကျော် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား၌ အာဆီယံသံရုံးများမှ ၎င်းတို့၏ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပွဲများကို ကျင်းပခဲ့ကြပါသည်။


ASEAN Family Day 2019 held in Paris

Diplomatic missions from ten member-states of the ASEAN in France organised a ceremony commemorating ASEAN Family Day 2019 on Saturday, 27th July 2019 from (1000)hrs to (1700)hrs in the courtyard of Chateau Chanorier in Croissy-sur-Seine on the western outskirts of Paris. Speaking on the occasion, Myanmar Ambassador to France U Kyaw Zeya, the current Chair of the ASEAN Committee in Paris (ACP), said that the AFD occasion contributes towards enhancing the friendship and cooperation among members of the ASEAN Embassies in Paris.

Also present were ASEAN Ambassadors and their Spouses, Croissy-sur-Seine Mayor Mr. Jean Roger Davin and his spouse as special guests, Permanent Delegates from ASEAN member states to UNESCO, ASEAN diplomats and their families and invited guests totaling more than 200. The ASEAN Family Day that is annually organised by the ASEAN Committee in Paris provides an opportunity for diplomats and their families and staff members of all ten ASEAN embassies to enjoy ASEAN traditional cuisines while playing games and activities together.

asean family day19 01

asean family day 19 02

asean family day19 03

 

Contact Info

Embassy of the Republic of
the Union of Myanmar, Paris

60, Rue de Courcelles, 75008, Paris

+33 (0) 1 5688 1590

[email protected]

Contact Us

For Consular Services

60, Rue de Courcelles, 75008, Paris
(with effect from 1 June 2019)

+33 (0) 1 5688 1595

[email protected]

 

ministry of hotels tourism

Youtube Video