၁။ မြန်မာသံရုံး၊ ပါရီမြို့မှ အလှည့်ကျဉက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အာဆီယံ-ပါရီ ကော်မတီ (ASEAN Committee in Paris – ACP)၏ အစည်းအဝေးကို ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးကျော်ဇေယျမှ သဘာပတိအဖြစ် ဉီးဆောင်၍ ၂၅-၉-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:ဝ၀)နာရီတွင် ပါရီမြို့ရှိ မြန်မာသံအမတ်ကြီး နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ပါရီအခြေစိုက် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံး(၉)ရုံးမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး၌ ယခင်က ACP ပူးပေါင်းဆောင်ရွက်ချက်များနှင့် အနာဂတ်တွင် ဆောင်ရွက်မည့် ACP လုပ်ငန်းဆောင်တာများ၊ အာဆီယံ-ပြင်သစ် ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသအတွင်း နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
၂။ မြန်မာသံရုံး၊ ပါရီမြို့မှ အာဆီယံ-ပါရီ အလှည့်ကျဉက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံသို့ အလှည့်ကျဉက္ကဋ္ဌရာထူးကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၃။ ယင်းနောက် မြန်မာသံအမတ်ကြီးမှ ဧည့်သည်တော်များကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။
Hosting of ASEAN Committee in Paris (ACP) Meeting and handing over the ACP Chairmanship
- ASEAN Committee in Paris (ACP) Meeting was held on 25th September 2019 at 10 a.m under Myanmar's Chairmanship of the ACP, represented by His Excellency U Kyaw Zeya, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to France, at the residence of the Myanmar Ambassador. Also present were Ambassadors and representatives of other nine ASEAN Embassies resident in Paris. At the meeting, ACP Ambassadors discussed recent and upcoming activities of ACP, development of ASEAN-France relationship and current issues in the region.
- Afterwards, H.E. U Kyaw Zeya handed over the ACP Chairmanship to H.E. Mr. Arrmanatha C. Nasir, Ambassador of the Republic of Indonesia to France, after Myanmar’s Chairmanship of ACP from April 2019 to September 2019.
- After the meeting, lunch was hosted by the Myanmar Ambassador.