Covid-19 ကာလအတွင်း ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် အနီးတစ်ဝိုက်ဒေသများသို့ ရောက်ရှိနေကြပြီး မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရန် အခက်အခဲ ဖြစ်နေကြသည့် မြန်မာနိုင်ငံသား (၈၇)ဉီးတို့သည် ၃၀-၈-၂၀၂၀ ရက်နေ့ ဒေသစံတော်ချိန် (၁၉၁၅)နာရီတွင် ပါရီမြို့၊ Charles De Gaulle လေဆိပ်မှ ရန်ကုန်မြို့သို့ အထူးလေယာဉ် (Relief flight) ဖြင့် ထွက်ခွာသွားခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံအမတ်ကြီးနှင့် ဝန်ထမ်းများက လေဆိပ်၌ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။